ကုမ္ပဏီအကြောင်း

စထရောင်း ကုမ္ပဏီ၏အကြောင်း

ကျွန်ုပ်တို့၏ Strong Company Limited သည် ၁၉၉၈ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါ သည်။ ကျွန်ုပ်တို့၏ ကုမ္ပဏီသည် C Channel နှင့် Z Channel များ၊ Decking Sheet များ၊ အပူခံ သွပ်ပြား၊ အပူခံ နံရံပြားများနှင့် အခြားဆောက်လုပ်ရေးပစ္စည်း များကိုလည်း တင်သွင်းဖြန့်ချီပေးပါသည်။ စံချိန်စံညွှန်းမီ ကုန်ကြမ်းများကို ထိုင်ဝမ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများမှ မှာယူတင်သွင်း၍ နိုင်ငံတကာအဆင့်မီပါ ကြောင်း အာမခံပါသည်။ ကျွန်ုပ်တို့သည် ခေတ်မီသော သွပ်ဒီဇိုင်းများ၊ အရောင်မျိုးစုံများအား အထူးသတ်မှတ်ချက်များဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကျွမ်းကျင်သောပညာရှင်များနှင့် ခေတ်မီသောနည်းပညာများကို အသုံးပြုသောကြောင့် ကျွန်ုပ် တို့ ဖြန့်ဖြူးရောင်းချသော ပစ္စည်းများသည် အမြဲအရည်အသွေး မှန်ကန်မြင့်မားပါသည်။

ကုမ္ပဏီစတင်ဖွဲ့စည်းတည်ထောင်ကတည်းက ကျွန်ုပ်တို့သည် တိကျသော Quality Management System များ၊ Step-by-step တပ်ဆင်နည်းစနစ်များနှင့် သေချာစစ်ဆေးခြင်း များကို ဆောင်ရွက်ပြီး ၀န်ဆောင်မှုများကို စဉ်ဆက်မပြတ်တိုးတက်စေရန် ကြိုးစားနေပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အရည်အသွေး မှန်ကန်သော ထုတ်ကုန်ပစ္စည်းများကို ဖြန့်ချီ ရောင်းချပေးသောကြောင့် Customer များ၏ ယုံကြည်မှုနှင့် စိတ်ကျေနပ်မှုကို ရရှိမယ်လို့ မျှော် လင့်ပါသည်။

ကျွန်ုပ်တို့ ISO 9001: 2015 Certification ကိုရရှိထားပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် ISO 9001:2015 Certificate ရရှိခြင်းကို အလွန် ဂုဏ်ယူပါ သည်။ ISO 9001:2015 Certificate သည် ကျွန်ုပ်တို့ ကုမ္ပဏီမှ ထုတ်လုပ်သော ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများအား နိုင်ငံတကာစံနှုန်းမီပါကြောင်း အသိအမှတ်ပြု လက်မှတ် ဖြစ်ပါသည်။ ဤ Certificate သည် ကျွန်ုပ်တို့ ကုမ္ပဏီအတွက် ကြီးမားသော အောင်မြင်မှု၏ ခြေလှမ်းတစ်လှမ်းဖြစ်ပါသည်။ Customer များသည် ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ် ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု အားပေးမည်ဟု ယုံကြည် ပါသည်။

အဘယ့်ကြောင့် ကျွန်ုပ်တို့ကုမ္ပဏီကို ရွေးချယ်သင့်ပါသလဲ?

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

ကျွန်ုပ်တို့ ကုမ္ပဏီမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စေရန်။

ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများကို အသုံးပြုပြီး အများပြည်သူတို့၏ လူနေမှုအဆင့် အတန်းကို မြင့်တက်စေရန်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်

ယုံကြည် စိတ်ချရသော သွပ်အမိုးပြားနှင့် ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရေးနှင့် ဖြန့်ချီရေးကုမ္ပဏီ ဖြစ်လာ နိုင်စေရန်။

ဝယ်ယူသူများနှင့် လုပ်ဖော်ကိုင်ဖက်များအား ရေရှည်ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်နိုင် စေရန်။

ကျွန်ုပ်တို့ တန်ဖိုးထားသော အချက်အလက်များ