ကျွန်ုပ်တို့၏ Strong Company Limited သည် ၁၉၉၈ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါ သည်။ ကျွန်ုပ်တို့၏ ကုမ္ပဏီသည် C Channel နှင့် Z Channel များ၊ Decking Sheet များ၊ အပူခံ သွပ်ပြား၊ အပူခံ နံရံပြားများနှင့် အခြားဆောက်လုပ်ရေးပစ္စည်း များကိုလည်း တင်သွင်းဖြန့်ချီပေးပါသည်။ စံချိန်စံညွှန်းမီ ကုန်ကြမ်းများကို ထိုင်ဝမ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများမှ မှာယူတင်သွင်း၍ နိုင်ငံတကာအဆင့်မီပါ ကြောင်း အာမခံပါသည်။ ကျွန်ုပ်တို့သည် ခေတ်မီသော သွပ်ဒီဇိုင်းများ၊ အရောင်မျိုးစုံများအား အထူးသတ်မှတ်ချက်များဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
Read Moreကျွန်ုပ်တို့ ကုမ္ပဏီသည် ISO 9001:2015 Certificate ရရှိခြင်းကို အလွန် ဂုဏ်ယူပါ သည်။ ISO 9001:2015 Certificate သည် ကျွန်ုပ်တို့ ကုမ္ပဏီမှ ထုတ်လုပ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအား နိုင်ငံတကာ စံနှုန်းမီပါကြောင်း အသိအမှတ်ပြု လက်မှတ် ဖြစ်ပါသည်။ ဤ Certificate သည် ကျွန်ုပ်တို့ ကုမ္ပဏီအတွက် ကြီးမားသော အောင်မြင်မှု၏ ခြေလှမ်းတစ်လှမ်းဖြစ်ပါသည်။ Customer များသည် ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ် ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု အားပေးမည်ဟု ယုံကြည်ပါသည်။
Read Moreအရည်အသွေးမှန်ကန်သော သွပ်မိုးပြားများနှင့် ဆောက်လုပ်ရေးပစ္စည်းများ။
လျင်မြန်တိကျသော ကုန်ထုတ်လုပ်မှု။
အခမဲ့ပို့ဆောင်ခြင်း။ (ရန်ကုန်မြို့တွင်းသာ)
ဝယ်ယူသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးခြင်း။
ဈေးနှုန်းမှန်ကန်ခြင်း
စိတ်ကျေနပ်မှုရှိသည်အထိ ဆောင်ရွက်ပေးခြင်း။
ကျွန်ုပ်တို့သည် အရည်အသွေးကို ဦးစားပေးပါသည်။